ကိုယ့်ရဲ့ဖုန်း အဟက်ခံ ထားရပြီဆိုတာ သိနိုင်မယ့် နည်းလမ်းများ

ကိုယ့်ဖုန်း အဟက်ခံထားရပြီဆိုတာ သိနိုင်မယ့် နည်းလမ်းများ

ဖုန်း တစ်လုံးကို ဘယ်လိုနည်းနဲ့ ဟက်လို့ရနိုင်လ ဆိုတော့ ။ ဖုန်းတစ်လုံးကို ဟက်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတာပါ။ Spy Phone App , Spyzie နဲ့ Spyera အစရှိတဲ့ App တွေကိုအသုံးပြုပြီးတော့ ဟက်နိုင်သလို

အင်တာနက်က ဖေးတွေမှာလွှင့်ထားတဲ့ ဖရီးဝိုင်ဖိုင်တွေကတစ်ဆင့်လည်း ဟက်နိုင်ပါသေးတယ်နော်။ထို့အပြင် SMS Phishing လို့ခေါ်တဲ့ အယောင်ဆောင် စာပို့မှုတွေနဲ့ သုံးစွဲသူဆီကအချက် အလက်တွေကို တောင်းယူကာ ဘဏ်အကောင့်

သို့မဟုတ် ဓါတ်ပုံတွေကို ဟက်ယူ နိုင်သေးသလို SS7 လို့ခေါ်တဲ့ ကြားဖြတ်ဖုန်းခေါ်ဆိုမှုကိုနားထောင်တဲ့နည်းစနစ်တွေလည်းရှိနေပါသေးတယ်နော်။ ဒီတော့ ကိုယ့်ဖုန်း

အဟက်ခံ ထားရရင်ဘယ်လိုသိနိုင်မလဲ ။ကိုယ်မသိ ပဲနောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ စပိုင်ပရိုဂရမ်တစ်ခုရှိနေတာကြောင့်ဘဲ ဖုန်းဘတ္ထီရီကုန်တာအရမ်းမြန်လာမယ်တဲ့ ။ ဖုန်းမသုံးပဲ ချထားရင်တောင်မှ အလိုအလျောက်ပူလာနေမယ် ။

အလိုအလျောက်ပိတ်သွားတာမျိုး ၊အလိုအလျောက်ဖုန်းခေါ်ဆိုတာမျိုးတွေရှိလာမယ်နော် ။Call History မှာ ကိုယ်မသိတဲ့နံပတ်တွေပေါ်နေမယ် ။ ပါဝါခလုတ်ဖိထားရင် ဖုန်းပိတ်ရမယ့်အစား အခြား app တွေပွင့်လာမယ် ။ဖုန်းပြောတဲ့အခါ

ဆူညံသံတွေကြားနေရလိမ့်မယ်။ဒါဆိုရင် ကိုယ့်ဖုန်းကိုဘယ်လိုကာကွယ်ရမလဲ ။ကိုယ့်ဖုန်းထဲ SMS က တစ်ဆင့်ဝင်လာတဲ့ အင်တာနက်လိပ်စာလင့်တွေကို ဘယ်တော့မှမနှိပ်ပါနဲ့ ။ ကိုယ့်ကွန်ပြူတာမဟုတ်တဲ့အခြားကွန်ပြူတာတစ်လုံးမှာတပ်ပြီး

အားသွင်းတဲ့အခါ “Only Charging” ကိုပဲရွေးပါ ။“Remember Passwords” ဖန်ရှင်ကိုဘယ်တော့မှမသုံးပါနဲ့နာ် ။အခမဲ့ဝိုင်ဖိုင်တွေမှာဆိုရင်လည်း Password ခံထားတဲ့ ဝိုင်ဖိုင်တွေကိုသာရွေးသုံးပါနော်။

(ဝိတ်တာတွေဆီမှာ Password တောင်းပါ)အွန်လိုင်းငွေပေးချေစနစ်တွေအသုံးပြုတဲ့အခါမျိုးမှာ ဝိုင်ဖိုင်အသုံးပြုပြီး ငွေလွှဲတာမျိုးလုံးဝမပြုလုပ်သင့်ပါဘူး ။ဖုန်းထဲမှာ Anti-virus ပရိုဂရမ်တစ်ခုထည့်သွင်းထားတာ အကောင်းဆုံးပါဘဲဗျာ။ Credit

Add a Comment

Your email address will not be published. Required fields are marked *