ငါးကြီးအံဖတ်ကို ရပြီး နေ့ချင်းညချင်း သန်းကြွယ်သူဌေး ဖြစ်သွားတဲ့ ကံကောင်းလှတဲ့ တံငါသည်

ရှားပါးငါးကြီးအန်ဖက်ကို ရလို့ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်သွားတဲ့ တံငါသည်

လူ့ကံဆိုတာ တမုတ်ချ ပြောလို့ရတဲ့ အရာ မဟုပါဘူးနော်။အခုလည်း တံငါသည်တစ်ယောက် အလွန်ရှားပါးတဲ့ ငါးကြီးအန်ဖက်ကို ရရှိခဲ့တာကြောင့်ဘဲ နေ့ချင်းညချင်းပဲ သန်းကြွယ်သူဌေး ဖြစ်ခွင့်ရသွားတာပါ။ ငါးကြီးအန်ဖက်ဆိုတာ

အလွန်တန်ဖိုးရှိပြီး၊ ဈေးနှုန်းကြီးမြင့်တဲ့ ကမ္ဘာကျော်ရေမွေးတွေ ဖော်စပ်ရာမှာ မပါမဖြစ် ကုန်ကြမ်းအဖြစ် အသုံးပြုကြတာပါ။ ဒါကြောင့်လည်း ငါးကြီးအန်ဖက်ကို “ ရေမျောရွှေတုံး”လို့ တံငါသည်တွေက တင်စားကြတာပါနော်။တံငါသည်ရဲ

့အမည်ကတော့ နာရွန်ဖက်ချရက်ဂ်ျ (Narong Phetcharaj)ပါ။ သူဟာ ထိုင်းလူမျိုး မိရိုးဖလာတံငါသည်တစ်ယောက်ဖြစ်ပြီး၊ နီယွမ်ကမ်းရိုးတန်းမှာ ဒီထူးဆန်းတဲ့ ငါးကြီးအန်ဖက်ကို တွေ့ခဲ့ရတာပါ။ သူရရှိခဲ့တဲ့ ငါးကြီးအန်ဖက်ဟာ

ပေါင်(၁)သန်းအထိ တန်ကြေးရှိပြီတော့၊ အလေးချိန်မှာ (၃၀)ကီလိုဂရမ်နီးပါး ရှိပါတယ်။ငါးကြီးအန်ဖက် တစ်ကီလိုဂရမ်ရဲ့ ပေါက်ဈေးဟာ ပေါင် (၃)သောင်းအထိ ဈေးရှိပြီးတော့ အရည်သွေးကောင်းရင် ဈေးပိုရနိုင်ပါတယ်။ နာရွန်ဟာ ရရှိတဲ့ငါးကြီးအန်ဖက်ကို

Prince of Songkla University တက္ကသိုလ်ထံ ပေးပို့ စစ်ဆေးစေခဲ့ပါတယ်။ တက္ကသိုလ်ဓာတ်ခွဲခန်းကလည်း ဒါဟာ တန်ဖိုးအလွန်ကြီးတဲ့ ငါးကြီးအန်ဖက်ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်နော်။ငါးကြီးအန်ဖက်ဆိုသည်မှာ

Sperm whale လို့ခေါ်တဲ့ ဝေလငါးရဲ့ အန်ဖက်ကို ဆိုလိုတာပါ။ ဝေလငါးဟာ မာထန်တဲ့အစာတွေကိုစားပြီး အစာကို ကြေညက်အောင် မချက်နိုင်တာကြောင့် သည်းခြေအရည်တွေနဲ့အတူ ပြန်ပြီးအန်ထုတ်ရလေ့ရှိပါတယ်နော်။

အဆိုပါအန်ဖက်ဟာ ကနဦးတုန်းက အဝန်းအဝိုင်းပုံစံဖြစ်ပြီး၊ ရေထဲကို မျောပါကာ ကာလရှည်ကြာတဲ့အခါ-အရောင်မှာ ညိုညစ်ညစ် ဝါကျင်ကျင် ဖြစ်သွားပါတယ်။ ဖယောင်းသားကဲ့သို့ မီးလောင်လွယ်ပြီးတော့ အမဲဆီတုံးကဲ့သို့ ညှီစိုစိုအနံ့ထွက်ပါတယ်။

အလေးချိန်မှာလည်း အတော်လေး စီးပါတယ်။ အချို့ပညာရှင်တွေကတော့ ငါးကြီးအန်ဖက်ဆိုသော်လည်း ငါးက အန်တာမဟုတ်ဘဲ သာမန်မစင်စွန့်ပေါက်ကနေ စွန့်ထုတ်လိုက်တဲ့ ချေးခါးလို့ ဆိုကြပါတယ်။ ဒါကတော့ မူကွဲ အမျိုးမျိုး ရှိနေပါတယ်နော်။

ကမ္ဘာကျော်ရေမွေးတွေဖြစ်တဲ့ Chanel နဲ့ Lanvin တို့ဟာ ငါးကြီးအန်ဖက်ကို ရေမွေးထဲမှာ ထည့်သုံးပါတယ်နော်။ ရေမွေးအနံ့ ကြာရှည်စွာ ဆွဲနေစေဖို့နဲ့၊ ရေမွေးဟာ လူသားရဲ့အရေပြားနဲ့ထိတွေ့လိုက်တာနဲ့ ထူးခြားတဲ့ရနံ့ကို ပြောင်းလဲစေဖို့အတွက်

သုံးတာပါ။ နာရွန်က ” ဒီရွာမှာတော့ ဝေလငါးအန်ဖက်ကို အခုမှ မြင်ဖူးကြတယ်”လို့ ပြောပါတယ်။” သူတို့လည်း ပျော်နေကြတယ် … ကျွန်တော်ကတော့ စိတ်လှုပ်ရှားတယ်ဗျ … ဘာလုပ်လို့ လုပ်ရမှန်း မသိသေးဘူး … လောလောဆယ်

ခွင့်ပြုချက်တင်ထားတယ် … ရတာနဲ့ ဈေးကောင်းပေးတဲ့သူကို ရောင်းမှာပါ … တံငါအလုပ်ကနေ နားတော့မယ်ဗျာ … ပြီးတော့ ရွာက လူတွေကိုလည်း ကောင်းကောင်း ဧည့်ခံကျွေးမွေးမှာပါ “လို့ ပြောခဲ့ပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *