မတရားပြုကျင့်ဖို့ ကြိုးစားခဲ့ သူကို တစ်သက်လုံး မှတ်သွားအောင် ဆုံးမလိုက်တဲ့ ရွာလေး

ဗလက်ကာယပြုဖို့ ကြိုးစားခဲ့သူကို တစ်သက်လုံး မှတ်သွားအောင် ဆုံးမလိုက်တဲ့ ရွာလေး

ကမ္ဘာပေါ်မှာ မုဒိန်းမှုက အောက်တန်းအကျဆုံးနဲ့ အရွံရှာဆုံး လုပ်ရက်ပါဘဲ။ ဒီလုပ်ရပ်ဟာ ခွင့်လွှတ်စရာ မကောင်းတဲ့အပြင် အပြစ်ပေးမှဖြစ်မယ့် ကိစ္စမျိုးပါနော်။အိန္ဒိယနိုင်ငံလည်း ပါဝင်ပြီးတော့ ၂၀၂၁ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှာ

အမျိုးသမီးတွေအပေါ် ရာဇဝတ်မှု ပြုလုပ်တာတွေလည်း အများဆုံး ဖြစ်နေတာပါ။ဒါကို တိုက်ဖျက်ဖို့အတွက် အိန္ဒိယနိုင်ငံက ရွာတစ်ရွာမှာရှိတဲ့ အမျိုးသမီးတွေဟာ ဥပဒေတစ်ခုကို ကိုယ်တိုင် ပြုလုပ်ခဲ့ကြပါတယ်တဲ့။ ဘယ်လို ဥပဒေလဲ ဆိုတော့

မုဒိမ်းကျင့်သူ၊ မုဒိန်းကျင့်ဖို့ ကြိုးစားသူကို အမျိုးသမီးတွေရဲ့ အဝတ်တွေကို လျှော်ပေးဖို့နဲ့ မီးပူတိုက်ဖို့ ချမှတ်လိုက်တာပါ။Hindustan Times ရဲ့အဆိုအရကတော့ မုဒိမ်းကျင့်ဖို့ ကြိုးစားခဲ့သူ Lalan Kumar ဟာ ရွာမှာရှိတဲ့ အမျိုးသမီး

(၂၀၀၀) ရဲ့ အဝတ်တွေကို လျှော်ပြီးတော့ မီးပူကိုပြန့်နေအောင် တိုက်ပေးရမှာပါ။ ဒီကိစ္စဟာ Bihar ပြည်နယ်၊ Majhor ရွာမှာ ဖြစ်ပွားခဲ့တာပါ။ Kumar ဆိုတဲ့ အမျိုးသားဟာ မုဒိန်းကျင့်ဖို့ ကြိုးစားခဲ့တာကြောင့် ရွာကနေ ပြစ်ဒဏ်ချမှလိုက်ပါတယ်တဲ့။

ပြစ်ဒဏ်ထဲမှာ အဝတ်တွေ လျှော်ပေးရမယ့်အပြင် ဆပ်ပြာနဲ့ တခြား လိုအပ်တာတွေကိုလည်း ကိုယ်တိုင်ဝယ်ရမှာပါ။Bihar ပြည်နယ်၊ Madhubani ရဲ့ ခရိုင်ရဲအရာရှိဖြစ်တဲ့ Santosh Kumar Singh ကတော့

မုဒိန်းကျင့်ဖို့ ကြိုးစားခဲ့သူ Kumar ကို ဧပြီလမှာ ဖမ်းစီးခဲ့ပါတယ်နော်။ သူ့အတွက် အာမခံစာချုပ်တွေ ချုပ်ဖို့ လိုအပ်ပြီးတော့ တရားရုံးကလည်း အမှုအတွက် ရုံးချိန်းမပေးခဲ့ပါဘူး။တရားခံရဲ့ ရှေ့နေပြောတာကတော့ ‘ သူဟာ

အမျိုးသမီးတွေကို လေးစားမှုပြဖို့နဲ့ သူ့ရဲ့အမှားကို ပေးဆပ်ဖို့အတွက် အဝတ်တွေလျှော်ဖို့ အဆင်သင့်ဖြစ်နေပြီ’ လို့ပြောပါတယ်။တစ်ချိန်တည်းမှာပဲ ရွာကောင်စီရဲ့ အကြီးအကဲဖြစ်တဲ့ Nasima Khatoon နှင့် ရွာမှာရှိတဲ့

ဂုဏ်သရေရှိ လူတစ်ဦးပြောတာကတော့ ‘တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ရွာမှာရှိတဲ့ အမျိုးသမီးတွေ အကုန်လုံးက ကျေနပ်တယ်’ လို့ ပြောပါတယ်။” ဒါဟာ သမိုင်းဝင်မယ့် အရာပါပဲ။ ဒီလိုလုပ်ခြင်းဟာ အမျိုးသမီးတွေရဲ့ အရှက်နဲ့ သိက္ခာကို

ကာကွယ်လိုက်သလိုပါပဲ”ရွာမှာရှိတဲ့ အမျိုးသမီးတွေကလည်း ဒီလို အမိန့်ချလိုက်တာဟာ သူတို့အပေါ် ရာဇဝတ်မှု ကျူးလွန်တာတွေ လျော့နည်းသွားပြီး ထိရောက်မှု ရှိနိုင်တယ်လို့ ပြောပါတယ်။ရွာသားတစ်ဦးကတော့ ‘ ဒါဟာ ထူးခြားတဲ့ ပြစ်ဒဏ်တစ်ခုပါပဲ။

လူ့အဖွဲ့အစည်းကို သတင်းစကား ပေးသလိုဖြစ်တဲ့ ပြစ်ဒဏ်ပါပဲ ‘ လို့ ဆိုပါတယ်နော်။အိန္ဒိယရဲတပ်ဖွဲ့ဟာ အကြမ်းဖက် ရာဇဝတ်မှုတွေကို ထိထိရောက်ရောက် ကာကွယ်မှု မရှိတာကြောင့်ဘဲ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေကို တရားရုံးကို တင်ပြဖို့ နောက်ကျနေတယ်လို့လဲ လူတွေက စွပ်စွဲထားပါသေးတယ်နော်။Ctedit

Add a Comment

Your email address will not be published. Required fields are marked *