ကားနံပတ်ပြားပေါ်က ကိန်းဂဏန်းတွေမှာ ကျိန်စာပါလာခဲ့လေသလား တကယ်ကို တိုက်ဆိုင်လွန်းပြီး ထူးဆန်းလွန်းလှပါတယ်…

ကားနံပတ်ပြားပေါ်ကကိန်းဂဏန်းတွေမှာ ကျိန်စာပါလာခဲ့လေသလား

လူတချို့ဟာ ကိန်းဂဏန်းတွေမှာ သြဇာသက်ရောက်မှုတွေ ရှိတယ်လို့ ယုံကြည်ကြသလို၊ တချို့သော ကိန်းဂဏန်းတွေက လူကို “ခိုက်”စေတယ်လို့ ယုံကြည်ကြသူတွေလည်း ရှိပါတဟ်နော်။

နံပတ်(၇)ဆိုရင် လပ်ကီးဆဲဗင်းဆိုပြီးတော့ သတ်မှတ်ကြသလို၊ (၁၃)ဂဏန်းက ကံဆိုးစေတယ်လို့ ယုံကြည်ကြသလိုပေါ့ဗျာ။အခုလည်း ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်ဟာ သူ့ကားရဲ့နံပတ်ပြားပေါ်က ကိန်းဂဏန်းတွေမှာ

ကျိန်စာပါခဲ့လေသလားလို့ အထင်ရှိနေကြပါတယ်နော်။ အဲဒီကောင်လေးဟာ ကားမတော်တဆမှုနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီးတော့ သူ ကွယ်လွန်တဲ့အချိန်နာရီ၊ ရက်စွဲတို့ဟာ ကားနံပတ်ပြားပေါ်က ကိန်းဂဏန်းတွေနဲ့ တိတိကျကျ တိုက်ဆိုင်နေလို့ပါတဲံ။

ကောင်လေးရဲ့အမည်ကတော့ Abdullah Zizou Slowa ပါ။ သူဟာ အသက်(၁၈) နှစ်ဖြစ်ပြီး၊ စက်တင်ဘာ(၂၅)ရက်နေ့၊ မနက်(၉)နာရီတိတိအချိန်က အီဂျစ်နိုင်ငံ၊ အလက်ဇန္ဒီယာမြို့တော်၊ Mahmoudia Axis လမ်းမပေါ်မှာ

ယာဉ်မတော်တဆမှုဖြစ်ပြီး ဆုံးပါးခဲ့တာပါနော်။ သူ့ရဲ့သူငယ်ချင်းတွေကတော့ နံပတ်ပြားပေါ်က ကိန်းဂဏန်းတွေက သူ့ကို ‘ခိုက်’စေခဲတ့ာလို့ ယုံကြည်နေပါတယ်တဲ့။Zizou နဲ့ အရင်းနီးဆုံးသူငယ်ချင်းဖြစ်တဲ့ Moody Munir က

အီဂျစ်သတင်းစာ Al Watan နဲ့ တွေ့ဆုံစဉ်မှာ ” နံပတ်ပြားပေါ်က ဂဏန်းတွေက အခင်းဖြစ်မယ့်နေ့ အချိန်ကို ကြိုတင်ခန့်မှန်းသွားသလိုပဲ”လို့ ပြောပါတယ်။ Zizou ရဲ့နံပတ်ပြားမှာ CIA-9-25-9 ဆိုပြီးတော့ အာရေဗျဘာသာသာနဲ့ရေးထားတာပါ။

ဒီဂဏန်းတွေထဲမှာ သေဆုံးမယ့်နေ့သာမက သေဆုံးမယ့်အချိန်ကိုပါ တိတိကျကျ ရေးထားပြီးတော့ ပထမ နံပတ်(၉)က နာရီကိုရည်ညွှန်းတာဖြစ်ကြောင်းကို၊ ဒုတိယနံပတ်(၉)က စက်တင်ဘာဖြစ်တဲ့ (၉)လပိုင်းကို ရည်ညွှန်းတာဖြစ်တယ်လို့ ဆိုပါတယ်နော်။

ဒီလိုပဲ (၂၅)ဆိုတဲ့ဂဏန်းကတော့ အခင်းဖြစ်တဲ့ စက်တင်ဘာ(၂၅)ရက်ကို ရည်ညွှန်းတာဖြစ်တယ်လို့ Moody က ပြောပါတယ်နော်။သူက ” မင်းရဲ့ကံကြမ္မာကို အာရေဗျကျားပေါ်မှာ အတိအကျ ရေးထိုးထားပြီးသား သူငယ်ချင်း … “လို့ ပြောပါတယ်။

အခင်းဖြစ်တဲ့ပုံစံ အသေးစိတ်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ ကိုယ်တိုင်ပဲ ကားမတော်တဆမှုဖြစ်တာလား၊ တခြားကားနဲ့ဖြစ်တာလား၊ နောက်ထပ် သေဆုံးဒဏ်ရာရရှိသူတွေ ရှိသေးလားဆိုတာ မသိရပါဘူးနော်။လင်းသူရိန်

Ref ; The Sun

Tags:

Add a Comment

Your email address will not be published. Required fields are marked *