Unicode…တစ်အိမ်လုံးရဲ့ ကလေးလေး ဆိုပြီးမိခင်တွက် ကြည်နူးဖွယ်မွေးနေ့လေး ဖန်တီးပေးခဲ့တဲ့ G Fatt
ပြီးခဲ့တဲ့ စက်တင်ဘာ လ (၃) ရက်နေ့ကတော့ ပရိသတ်အချစ်တော် အဆိုတော် G-fatt ရဲ့ မိခင်ဖြစ်သူ မွေးနေ့ပဲဖြစ်ပါတယ်နော် ။ G-fatt ကတော့ သူ့အမေကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာကို
သူ့ရဲ့သီချင်းစာသားတွေထဲမှာလည်း ချစ်စပရိသတ်တွေလည်း အားလုံးသိပြီးသားဖြစ်မှာပါ။ ယခု လတ်တလောမှာတော့ G-fattဟာ မိခင်ဖြစ်သူရဲ့မွေးနေ့ အမှတ်တရအဖြစ် ကြည်နူးဖွယ်စာသားလေးတွေကို
လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားခဲ့ပါတယ်နော်။ ငါ့အမေက လို့ အစချီလိုက်တာနဲ့ လူတိုင်းကို ခင်တွယ်လွယ် ခွင့်လွှတ်လွယ် တဲ့ အမျိုးသမီးတစ်ယောက်အကြောင်း မင်းစကြားရမှာဖြစ်တယ်။ ငါ့အတွက် တစ်သက်စာ
လုံခြုံစေတဲ့ မေတ္တာထဲမှာ သူ့အတွက်ဆိုတာတွေဟာ နောက်မှလာတယ်။ သူတစ်ယောက်တည်း ခိုးကျရတဲ့ မျက်ရည်တွေအကြောင်း ငါသေချာနားလည်ဖို့ နှစ်နှစ်ဆယ်ကျော်လောက်ကြာခဲ့ပေမယ့် ငါတစ်ယောက်တည်း
ခိုးကျရတဲ့မျက်ရည်တွေအကြောင်း သူသိဖို့ကတော့ ငါ့မျက်နှာကိုတစ်ချက်ကြည့်ရုံ စက္ကန့်စာလောက်ပဲကြာသတဲ့။ သူ့အမြင် မှာ ငါ ဘယ်အရွယ်ရောက်ရောက် ကလေးလေးပဲ ငါ့အမြင်မှာလဲ သူဘယ်အရွယ်ရောက်ရောက် ကလေးလေးပဲ
မနေ့က တစ်အိမ်လုံးရဲ့ ကလေးလေးရဲ့ မွေးနေ့ဖြစ်တယ် လို့ ဆိုပြီးတော့ မိခင်တွက် မွေးနေ့ ရေးသားခဲ့တာဘဲ ဖြစ်ပါတယ်နော်။ရေးသားထားတဲ့ စာသားလေးကို ကြည့်ရုံနဲ့ G-fatt နဲ့ မိခင်ဖြစ်သူရဲ့ကြားက ချစ်ခြင်းမေတ္တာကတော့
သိသာထင်ရှားနေတာပါနော်။ G Fatt ရဲ့ ချစ်ပရိတ်သတ်တေကတော့ မွေးနေ့ဆုမွန်ကောင်းတွေ တောင်းဆို ပေးထားတာလည်း ကြည်နူးဖွယ်တွေ့မြင်ရပါတယ်နော်။
အဆိုတော် G Fatt လည်း ချစ်တဲ့ မေမေနဲ့ မွေးနေ့ကစပြီးနှစ်ပေါင်းများစွာထိ ချစ်တဲ့မိသားစုနဲ့ ပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ။Source : G-fatt
Add a Comment
Your email address will not be published. Required fields are marked *