ကံကောင်းလို့ ထီပေါက်ပေမယ့် ကံလုံးဝမကောင်းရှာခဲ့တဲ့ အမျိုးသားရဲ့အဖြစ်

ကံကောင်းလို့ ထီပေါက်ပေမယ့် ကံလုံးဝမကောင်းရှာခဲ့တဲ့ အမျိုးသားရဲ့အဖြစ်

မီချီဂန်က အမျိုးသားတစ်ယောက်ကတော့ ထီဆုကို ကံထူးထားပေမယ့် ကံမကောင်းခဲ့ရှာပါဘူးနော်။ သူရဲ့ အသက်မဲ့နေတဲ့ခန္ဓာကိုယ်နဲ့အတူ ထီကံထူးထားတဲ့ လက်မှတ်လေးကို သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ထီဆုငွေက အများကြီးတော့မဟုတ်ဘူးလို့

ရဲတပ်ဖွဲ့က ပြောပါတယ်နော်။ဒီထီလက်မှတ်လေးဟာ သူရဲ့ အိတ်ကပ်ထဲမှာ ရှိနေရှာပါသေးတယ်တဲ့။ သူ့အမည်ကတော့ Gregory Jarvis ပါ။ ပြီးခဲ့တဲ့စက်တင်ဘာ(၂၃)ရက်နေ့က ဟူရွန်ကောင်တီဧရိယာအတွင်းက

ပုဂ္ဂလိကကမ်းခြေတစ်ခုမှာ သူရဲ့ အသက်မဲ့နေတဲ့ဘော်ဒီကြီးကို တွေ့ရှိခဲ့တာပါတဲ့။သူဟာ လှေတစ်စင်းအနီး ရေစပ်မှာ လဲကျ အသက်မဲ့နေပါတယ်နော်။ Gregory Jarvis ဟာ အသက်(၅၇)စ်ဖြစ်ပါတယ်။ သူ ရေနစ်သေခဲ့ပုံပါ။ သူ ကံစပ်ခဲ့တဲ့ငွေတွေနဲ့ မနီးစပ်

ခဲ့ပါဘူး။ ဒီမတိုင်ခင် တစ်ပတ်လောက်အလိုက သူဟာ Caseville မြို့က Blue Water Inn ကို ရောက်ခဲ့တာပါ။အဲဒီမှာ Club Keno ကစားခဲ့ရာကနေ သူ ထီဆုငွေ ကံထူးခဲ့တာပါ။ သူဟာ အဲဒီတုန်းကတည်းက ထီဆု ထုတ်ယူလို့ ရပေမယ့် မထုတ်ယူခဲ့ပါဘူး။ သူနဲ့ ကောင်းကောင်းခင်မင်တဲ့

Blue Water Inn ပိုင်ရှင် Dawn Talaski က ” အတော်လေးကို အနေအေးပြီး သဘောကောင်းတဲ့လူဗျ ။ သူက ကျွန်တော့်ဆိုင် အမြဲလာလေ့ရှိတယ်။ တစ်ယောက်တော့ ထီပေါက်ပြီဟေ့လို့ ပြောတော့ သူက မိုက်တယ်ဟလို့ ပြောခဲ့သေးတယ် ။

အဲဒီမှာ ကျွန်တော်က ထီပေါက်တာက ခင်ဗျားလေလို့ ပြောတော့ သူ အတော်လေး စိတ်လှုပ်ရှားနေခဲ့တာ လို့ ပြောပါတယ်နော်။အခင်းဖြစ်တဲ့နေ့ နေ့လည်ခင်းလောက် သူ အဲဒီဆိုင်လေးကို ပြန်ရောက်လာကြောင်း၊ သူ့မှာ Social Security မှတ်ပုံတင်မရှိတာမို့

ထီဆု ထုတ်ယူလို့မရသေးဘူးလို့ ဆိုပါတယ်တဲ့။ သူ သောက်စရာတချို့ဝယ်သွားပြီး ထွက်သွားခဲ့ပါတယ်။အချိန်အတော်ကြာလို့ Jarvis ပြန်မလာတော့ Talski လည်း သူထွက်သွားတဲ့ ကမ်းခြေဘက်ကို စိတ်ပူပြီးတော့ လိုက်ရှာခဲတာပါ။ Jarvis ရဲ့အလုပ်ရှင်လည်း အခင်းဖြစ်နေရာအထိ လိုက်လာခဲ့ပြီ

း နောက်ဆုံးတော့ သူ့တပည့်ကြီးရဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကိုသာ တွေ့လိုက်ရပါတော့တယ်။ Jarvis ဟာ ဒေါ်လာ (၄၅၀၀၀)အထိ ကံထူးခဲ့တာမို့ ဒါဟာ-လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပြေလည်စေမယ့် ငွေပမာဏဖြစ်ပါတယ်။

သူကိုင်တိုင် ငွေ မထုတ်ယူနိုင်တောင် သူ့ ဆွေမျိုးတစ်ဦးဦးက ထုတ်ယူပေးလို့ရပါတယ်နော်။ အခုတော့ ထီလက်မှတ်ဟာ ကျန်ရစ်သူ မိသားစုနဲ့သာ သက်ဆိုင်ပါတော့တယ်။ သိရသလောက်တော့

သူ လှေလှော်စဉ် လှေက တိမ်းမှောက်ခဲ့ကြောင်း၊ အဲဒီမှာ ဦးခေါင်းကို လှေကိုယ်နဲ့ထိမိပြီးတော့ ဒဏ်ရာရသွားကြောင်း၊ ယင်းနောက် ရေနစ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်တဲ့။လင်းသူရိန်

Ref ; UniLad

Tags:

Add a Comment

Your email address will not be published. Required fields are marked *