အလွန် စီးပွားရှာတတ်သော ဂျူးလူမျိုးနဲ့ တရုတ်လူမျိုးတို့ စီးပွားပျက်သွားသောအခါ

အလွန် စီးပွားရှာတတ်သော ဂျူးလူမျိုးနဲ့ တရုတ်လူမျိုးတို့ စီးပွားပျက်သွားသောအခါ

တခါက အလွန်ချမ်းသာကြတဲ့ ဂျူး ကုန်သည်တယောက် နဲ့ တရုတ်ကုန်သည်တယောက် ဘေးချင်းကပ်လျက် ဈေးရောင်းပြီးတော့ စီးပွါးရေး ပြိုင်နေကြ သတဲ့နော်။Customer များများ ရရန် အပြိုင်အဆိုင် အားကျမခံ ဈေးချ ရင်းနဲ့ ကြာလာတော့

နှစ်ယောက်စလုံး မွဲသွားသတဲ့ဗျာ။ ဒီတော့ တရုတ် က ရုံးတော်ကိုသွားပြီတော့၊ လူမွဲစာရင်း ဝင်ဖို့ လျှောက် လိုက်တော့၊ ရှိတဲ့ အကြွေးတောင် ဆပ်စရာ မလိုသည့် အပြင် တောင်းစား ခွင့်လိုင်စင်

ပါ ရသတဲ့။ ဒါနဲ့ သူ့ ဆိုင်ခန်းကို ပိတ် လိုက်ပြီး လမ်းဘေးမှာ တောင်းစားလေ သတဲ့။ဂျူးကုန်သည် – ဂျူးကုန်သည်လည်း ရုံးတော်ကို သွားပြီးတော့ ဗေဒင်ဟောခွင့် လက်မှတ်ကို လျှောက် လိုက်တယ်တဲ့။ သူလဲ လမ်းဘေးမှာဘဲ ဗေဒင်ထိုင်ဟောတော့ သတဲ့။

နှစ်အတန်ကြာသော် တရုတ်ကြီးဟာ တောင်းစား လို့ ရသမျှ ပိုက်ဆံနဲ့ စားသောက်ဆိုင်တဆိုင် ဖွင့်ပြီး လုပ်ငန်းကို ပြန်စ ဖြစ်တယ်တဲ့။ဂျူးကလည်း ဗေဒင်ဟောခနဲ့ ဘဏ်တခု ဖွင့်ကာ လုပ်ငန်း ပြန်စ ဖြစ်တယ်။ သူတို့နှစ်ယောက်စလုံး အသက်ကြီးလို့

သေခါနီးမှာ သူတို့ရဲ့ သားသမီးကို ဤသို့ မှာခဲ့ သတဲ့။ တရုတ် ကုန်သည် ။ ။ ငါ့သား။ ဂျူး လူမျိုး နဲ့ စီးပွားရေး ဘယ်တော့ မပြိုင်နဲ့။ ပြိုင်ရင် သင်သာ မွဲသွားလိမ့် မယ်။ ငါတို့ မှာ အနာဂတ္တိကျမ်း မရှိဘူး။ ဂျူးလူမျိုး တွေက စားစရာ မရှိရင်တောင်

အနာဂတ္တိကျမ်း နဲ့ အသက်ရှင် နိုင်တယ်တဲ့။ ဂျူး ကုန်သည် – ။ ။ ငါ့သား။ တရုတ်နဲ့ ဘယ်တော့မှ စီးပွားရေး သွားမပြိုင်နဲ့။ သူတို့က စီးပွားရေး အရင်းအနှီး ကို သူတောင်းစား အလုပ်နဲ့ လည်း

ရှာတတ်တယ်။ ငါတို့ ဂျူး မှာ ဒါမျိုး ပညာ မရှိဘူးတဲ့။ စားစရာ မရှိရင် ‘ကယ်ပါ ဘုရား’ လို့ဘဲ အော်တတ် တယ်။ပုံပြင်လေးကတော့ ဒါပါဘဲ။လဲကျသော်လည်း ပြန်ထ နိုင်ကြပါစေနော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *