ထိုင်းနိုင်ငံက အမျိုးသမီးပုံစံ အသီးတွေသီးတဲ့ ထူးဆန်းတဲ့ သစ်ပင်ရဲ့ ရာဇဝင်

ထိုင်းနိုင်ငံက အမျိုးသမီးပုံစံ အသီးတွေသီးတဲ့ ထူးဆန်းတဲ့ သစ်ပင်ရဲ့ ရာဇဝင်

ထိုင်းနိုင်ငံမှာ ပေါက်ရောက်လျှက်ရှိတဲ့ သစ်ပင်တစ်ပင်ကနေ အမျိုးသမီးတစ်ယောက်ရဲ့ပုံစံ အသီးတွေသီးနေတဲ့ သတင်းက ဒီတစ်ပတ်မှာတော့ စိတ်ဝင်စားစရာ

အကောင်းဆုံးသတင်း ဖြစ်မယ်ထင်ပါတယ်နော်။ဒီလိုအပင်မျိုးကို မြန်မာ့ဒဏ္ဍာရီပုံပြင်တွေထဲမှာလည်း ရှိခဲ့ဖူးပြီး သူယောင်မယ်အပင်လို့ခေါ်ခဲ့တာပါ။ ဒီအပင်ကို ထိုင်းဘာသာ စကားနဲ့ Nariphon လို့ခေါ်ကြပြီးတော့ သူ့မှာလည်းဒဏ္ဍာရီတွေ ရှိခဲတာပါ။

ဒီအပင်ဟာ ထိုင်းရိုးရာဒဏ္ဍာရီပုံပြင်တွေထဲမှာ ပါလေ့ရှိတဲ့ ဒဏ္ဍာရီဆန်ဆန် Himaphan ဆိုတဲ့ တောအုပ်ကြီးပေါက် ရောက်ခဲ့တယ်လို့ လူတွေကပါးစပ်ရာဇဝင် ပြောခဲ့ကြပြီး ဒီမတိုင်ခင်အထိတော့ ဘယ်သူမှ တိတိကျကျမမြင်ဖူးခဲ့ပါဘူးတဲ့။

ထိုင်းရိုးရာပုံပြင်ထဲမှာတော့ နတ်ဘုရားတစ်ပါးဖြစ်တဲ့ Indra နဲ့ သူ့ဇနီး Vessantara တို့ဟာ တောနက်ထဲက အိမ်တစ်လုံးမှာ ကလေးနှစ်ယောက်နဲ့အတူ နေထိုင်ခဲ့ကြပါတယ်နော်။တစ်ရက်မှာဇနီးဖြစ်သူ Vessantara ဟာ

တောထဲမှာအစာရှာ သွားရင်း အစွမ်းထက်တဲ့ယောက်ျားမိစ္ဆာတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးတော့ အစာတွေကိုစွန့်ချကာ ထွက်ပြေးခဲ့ရပါတယ်နော်။ အဲဒီအခါမှာ Indra က ယခုကဲ့သို့သော လူမိန်းမပုံစံ သီးတဲ့အပင် (၁၂)ပင်ကိုဖန်းဆင်းပြီးတော့

ဇနီးဖြစ်သူကို လိုက်လံတိုက်ခိုက်တဲ့ အမျိုးသားတွေကို ဖျားယောင်းခဲ့ပါတယ်။အဲဒီအမျိုးသားတွေဟာ Indra ဖန်ဆင်းပေးလိုက်တဲ့ အပင် တွေကိုသယ်သွားပြီး အသီးကနေဖြစ်ပေါ်လာတဲ့ အမျိုးသမီး တွေနဲ့ ကာမဂုဏ်အာရုံခံစားကာ

လေးလအထိအိပ်ပျော်သွားခဲ့ပါတယ်နော်။အဲဒီနောက် အိပ်ယာကပြန်နိုးတဲ့အခါမှာ မိစ္ဆာယောက်ျားတွေမှာ အစွမ်းသတ္တိတွေ လုံးဝမရှိတော့ဘဲ ပကတိလူသားအတိုင်း ဖြစ်သွာခဲ့တယ်လို့ ပုံပြင်ကဆိုပါတယ်နော်။

ထိုင်းတွေဟာ Indra နဲ့ သူ့ဇနီး Vessantara တို့ ကွယ်လွန်သွားပေမယ့် အဲဒီထူးဆန်းတဲ့အပင်တွေဟာ ဆက်လက်ရှင်သန်ပြီး မိန်းမပုံစံအသီးတွေကို သီးနေသေးတယ်လို့ ခေတ် အဆက်ဆက်က ယူဆခဲ့ကြပါတယ်။

ယခုအခါမှာတော့ သူတို့ရဲ့ ယူဆချက်တွေ မှန်ကန်ပြီလို့ပြောရမလားဆိုတာ?ထိုင်းနိုင်ငံမှာပေါက်ရောက်လျှက်ရှိတဲ့ သစ်ပင်တစ်ပင်ကနေ အမျိုးသမီးတစ်ယောက်ရဲ့ပုံစံ အသီးတွေသီးနေတဲ့

သတင်းဟာ ဒီတစ်ပတ်မှာတော့ စိတ်ဝင်စားစရာ အကောင်းဆုံးသတင်း ဖြစ်မယ်ထင်ပါတယ်နော်။ ဒီလိုအပင်မျိုးကို မြန်မာ့ဒဏ္ဍာရီပုံပြင်တွေ ထဲမှာလည်း ရှိခဲ့ဖူးပြီး သူယောင်မယ်အပင်လို့ ခေါ်ခဲ့ပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *