သမီးတွေကို ပြည်ပမှာ ကျောင်းထားပေးဖို့ အိမ်ကိုပါ ရောင်းပစ်ခဲ့ပေမဲ့လည်း သမီးတွေရဲ့ ၁၀ နှစ်ကြာမေ့ပျောက်ထားခြင်းကို ခံခဲ့ရရှာတဲ့ ဖခင်

သမီးတွေကို ပြည်ပမှာကျောင်းထားပေးဖို့ အိမ်ကိုပါ ရောင်းပစ်ခဲ့ပေမဲ့ သမီးတွေရဲ့ ၁၀ နှစ်ကြာမေ့ပျောက်ထားခြင်းခံခဲ့ရတဲ့ ဖခင်

ဗီယက်နမ်ရှိ ဖခင်ဟာအလွန်ကောင်းတဲ့အလုပ်နှင့်ကောင်းတဲ့အိမ်တစ်လုံးရှိခဲ့သော်လည်း သူ၏သမီးနှစ်ယောက်ကို အမေရိကန်ရှိကျောင်းသို့ပို့နိုင်ရန် သူရဲ့ အိမ်ကိုပင် ရောင်းခဲ့တာပါ။

“ Duyen” ဟုလူသိများတဲ့ဤဖခင်ဟာ သူ့ရဲ့သမီးများကိုကောလိပ်တက်နိုင်ရန် သူ၏အိမ်ကိုရောင်းရဖို့ စိတ်ခုမနေခဲ့ပါဘူး။ နောက်ဆုံးတော့ သူဟာ သူ့သမီးတွေက သူ့ရဲ့အားကိုးရာဖြစ်လာတာကြောင့် သူတို့အတွက်အရာအားလုံးကိုလုပ်ပေးမယ်လို့

အခိုင်အမာယုံကြည်ထားခဲ့ပါတယ်နော်။ သို့ပေမယ့် သမီးဖြစ်သူတွေက ကောလိပ်ကဘွဲ့ရပြီးတဲ့အခါမှာ ၎င်းတို့နှစ်ယောက်ဟာ ဖခင်ဖြစ်သူကို မေ့ပျောက်ထားခဲ့ကြပါတယ်။Duyen ရဲ့သမီးများက US တွင် အလုပ်အကိုင်များကို

ရှာဖွေတွေ့ရှိခဲ့ကြပြီးတော့ တစ်ယောက်က အောင်မြင်တဲ့ဆရာဝန်တစ်ဦးဖြစ်ပြီး ကျန်တစ်ယောက်က အောင်မြင်တဲ့ပါမောက္ခတစ်ဦးပါ။သမီးဖြစ်သူတို့ဟာ ၎င်းတို့ရဲ့အလုပ်တွေကြောင့် အရမ်းအလုပ်များလာခဲ့ကြပြီး ဗီယက်နမ်ရှိ၎င်းတို့ရဲ့

ဖခင်ဆီသွားလည်ဖို့တောင် အချိန်မပေးနိုင်ခဲ့ကြပါဘူး။ ယခုအသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ Duyen ဟာ သူ၏အလုပ်ဟောင်းတွင်အလုပ်မလုပ်နိုင်တော့ဘဲနဲ့ သူရဲ့ သမီးငယ်များအား အလည်အပတ်သွားလည်နိုင်ရန် သူ၏အမေရိကန်ခရီးအတွက်

စုဆောင်းငွေအလုံအလောက်ရရန် မျှော်လင့်ပြီး နေ့စဉ်လမ်းများပေါ်တွင် သူ့ရဲ့မော်တော်ဆိုင်ကယ်ဖြင့် ကဖင်းဓာတ်ပါတဲ့အဖျော်ယမကာများကို ရောင်းချနေရတာပါ။အရာရာကိုပုံအပ်ထားခဲ့တဲ့ဖခင်ဖြစ်သူဟာ သမီးတွေကိုတွေ့ရဖို့ လက်မလျော့ဘဲ

အကယ်လို့ သမီးတွေက ဗီယက်နမ်ကိုမပြန်လာနိုင်ခဲ့ရင် သူကိုယ်တိုင် US သွားဖို့စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။အံ့သြစရာကောင်းသည်မှာ ဤချစ်လှစွာသောဖခင်ဟာ နောက်ဆုံးတွင်အမေရိကန်သို့သွားမည့်ခရီးအတွက်လုံလောက်တဲ့ငွေကို

စုဆောင်းနိုင်ခဲ့ပြီး သူမောင်းနှင်တဲ့မော်တော်ဆိုင်ကယ်ပေါ်တွင် ၂၀၁၉ ခုနှစ်မတ်လ ၅ ရက်မှ ဧပြီ ၂၁ ရက်ထိ ၄၈ ရက်အားလပ်ရက်ပိတ်မည်ဟု သူ၏သစ္စာရှိဖောက်သည်များအား ကြေငြာခဲ့ပါတယ်နော်။

သူဟာ သမီးတွေအတွက် ဘာလက်ဆောင်ယူသွားပေးရမလဲဆိုတာကို အနည်းငယ်စိုးရိမ်နေခဲ့ပေမဲ့ သေချာတာတစ်ခုကိုတော့သိနေခဲ့ပြီး သူဟာ သမီးတွေအတွက် ကော်ဖီမုန့်တွေယူသွားပေးခဲတာပါ။” ငါအမေရိကန်ကိုယူသွားဖို့ အဖိုးတန်တဲ့

အရာတွေမရှိဘူး၊ ဒါကြောင့် ငါကော်ဖီမုန့် ၃ ကီလိုဂရမ်ကိုလက်ဆောင်အဖြစ် ယူသွားမယ်” ဟု တကယ့်ကို အနစ်နာခံတတ်တဲ့ ဖခင် Duyen ကထိုကဲ့သို့ဆိုခဲ့ပါသေးတယ်နော်။JRose (KB Chimmy One)

Reference : rachfeed

Tags:

Add a Comment

Your email address will not be published. Required fields are marked *