ရုပ်ရည်နဲ့ပတ်သတ်တဲ့ ထူးခြားလှတဲ့ ယုံကြည်ချက်ကြောင့် အလုပ်မလုပ်ပဲ တောင်းစားခဲ့တဲ့ အမျိုးသမီး

ရုပ်ရည်နဲ့ပတ်သတ်တဲ့ ထူးခြားလှတဲ့ ယုံကြည်ချက်ကြောင့် အလုပ်မလုပ်ပဲ တောင်းစားခဲ့တဲ့ အမျိုးသမီး

တချို့သော လူတွေက ကိုယ်လက်အင်္ဂါ ပြည့်စုံပါရက်နဲ့၊အလုပ် မလုပ်ချင်ပဲ ပျင်းရိ အချောင်ခိုတတ်တဲ့ သူတွေလဲရှိတာပါ။ထို့ကြောင့်ဘဲ ယခုတရုတ် Social media မှာ ပျံ့နှံ့နေခဲ့တဲ့ အမျိုးသမီး တစ်ယောက်ကတော့၊သူမရဲ့ ဘဝ တိုး တက်ဖို့

အရေး ကြိုးစားချင်စိတ်မရှိပဲ၊အချောင်ခိုပီး လမ်းဘေးမှာ တောင်းစားနေခဲ့တဲ့ ဖြစ်ရပ်လေးဟာ အများပြောစရာ ဖြစ်တာပါ။အကြောင်းကတော့ အသက်(30) အရွယ်ရှိပီ ဖြစ်တဲ့အမည်မသိ အမျိုးသမီးတစ်ဦးဟာ ၊တောင်တရုတ် ယူနန်ပြည်နယ်က

Liijiang ဆိုတဲ့ လမ်းဘေး တစ်နေရာမှာ၊သူမဟာ ရုပ်ရည်ချောမောတဲ့ မျက်နှာ ပိုင်ဆိုင်ထားတာ ကြောင့်၊ အလုပ်မလုပ်ချင်ဘူးဆိုတဲ့ သတင်းကတော့ အများရဲ့ အာရုံစိုက်ခြင်းကို ခံနေခဲ့ရပါတယ်နော်။သူမဟာ စားပွဲထိုးအလုပ်နဲ့

Cashier အလုပ်ကနေ ပြုတ်ခဲ့တဲ့ အတွက် ကြောင့်၊ရုပ်ချောတဲ့ သူမရုပ်ရည်နဲ့ အလုပ်လုပ်ဖို့ မတန်ဘူးလို့ ဆိုပါတယ်နော်။ဒါကြောင့် သူမဟာ လမ်းဘေးတနေရာမှာ နေပီး ”ကျွန်မ ဗိုက်ဆာတယ်၊အစာစားဖို့ယွမ် (10) ပးပါ ”ဆိုတဲ့စာကို

စက္ကူ ကပ်ပြားပေါ် ရေးပီးတောင်းစားခဲ့ပါတယ်နော်။သူမအနေနဲ့တော့ ရုပ်ရည်နဲ့ပတ်သတ်တဲ့ ယုံကြည်ချက်ကြောင့် တောင်းစားခဲ့တာမှန်ပေမဲ့ ၊သူမကို မိန်းမတန်မဲ့ပျင်းရိတဲ့သူတစ်ယောက်ပဲလို့ မြင်သူတိုင်းက သတ်မှတ်ခဲ့ကြပါတယ်တဲ့။

တစ်ရက်မှာ တော့ သူမဟာ နောက်ထပ်စက္ကူ ကပ်ပြားပေါ်မှာတော့ ”ကျွန်မဟာ၊ ဟူနမ်ကလာတာပါ။ကျွန်မမှာ သဘာဝအလှ၊ ကျန်းမာတဲ့ ခန္ဓာကိုယ်ရှိတာကြောင့်၊ အလုပ်များရှိရင် ခန့်ပေးဖို့ တောင်းဆိုပါတယ် ”ဆိုတဲ့ စာသားနဲ့အတူ

ရေးသားခဲ့ပြန်ပါတယ်။ဒါပေမဲ့ သူမ ယခုလို လမ်းဘေးမှာ ထိုင်ပီး တောင်း စားမဲ့အစား၊ ကိုယ်တိုင် အလုပ်ရှာသင့်တယ်ဆိုတာကြောင့်သူမကို သနားဂရုဏသက်သူ တစ်ယောက်မှမရှိခဲ့ဘူးလို့သိရပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *