ေက်ာင္းပိတ္ထားေသာ္လည္း တကၠသိုလ္ ဝင္ထမ္း စာေမးပဲြ စစ္မည္ ဆုိျခင္းမွာ မဟုတ္ဟု သိရ  

ေက်ာင္းပိတ္ထားေသာ္လည္း တကၠသိုလ္ ဝင္ထမ္း စာေမးပဲြ စစ္မည္ ဆုိျခင္းမွာ မဟုတ္ဟု သိရ

ေက်ာင္းမ်ား ပုံမွန္ ဖြင့္လွစ္နိုင္မွသာ ေက်ာင္းသူ ေက်ာင္းသားမ်ား ပုံမွန္ သင္ယူမွု ျဖစ္ၿပီး စစ္ေဆးတိုင္းတာမွု စာေမးပြဲမ်ား ေဆာင္ရြက္နိုင္မည္ဟု အေျခခံ ပညာဦးစီးဌာန တာဝန္ရွိသူ ေျပာ၊ ေက်ာင္းပိတ္ထားေသာ္လည္း

ဒႆမတန္း စာေမးပြဲ စစ္မည္ ဆိုျခင္းမွာ မဟုတ္ဟု ဆိုပါတယ္။ ေက်ာင္းမ်ား ပုံမွန္ ဖြင့္လွစ္နိုင္မွသာ ေက်ာင္းသူ ေက်ာင္းသားမ်ား ပုံမွန္ သင္ယူမွု ျဖစ္ၿပီးေတာ့စစ္ေဆးတိုင္းတာမွုစာေမးပြဲမ်ား ပုံမွန္ ေဆာင္ရြက္နိုင္မည္

ျဖစ္ေၾကာင္း ပညာေရး ဝန္ႀကီးဌာန၊ အေျခခံ ပညာ ဦးစီးဌာန မွ ဒုတိယ ညြန္ၾကားေရးမွူးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္းက ျပည္ျမန္မာ ကို ေျပာျကားခဲ့ပါတယ္။ လတ္တေလာမွာ အေျခခံ ပညာ ေက်ာင္းမ်ားကို ယာယီ ပိတ္ထားေသာ္လည္း

ဒႆမတန္း စာေမးပြဲ က်င္းပမည္ဟု သတင္းထြက္ေနျခင္းမွာ မဟုတ္မွန္ေၾကာင္းလည္း ေဒါက္တာ တင္ေမာင္ဝင္းက ရွင္းျပခဲ့ပါတယ္။ ေက်ာင္းပိတ္ထားတဲ့ ကာလ မွာ ေက်ာင္းသားမ်ား သင္ယူမွု အဆက္မျပတ္ေစရန္

အတြက္လည္း အခမဲ့ ႐ုပ္ျမင္သံၾကား လိုင္းမ်ား ႏွင့္ ေရဒီယို ကတဆင့္ သင္ၾကားမွုမ်ား လုပ္ရန္ အတြက္လည္း ပညာေရး ဝန္ႀကီး ဌာန က စီစဥ္ေနၿပီးေတာ့ ဝဘ္ဆိုက္မွ တဆင့္ ေလ့လာနိုင္ရန္ အတြက္ ေဆာင္ရြက္ရန္

စီစဥ္ေနတယ္လို့ သိရပါတယ္။ Grade 10 ေတြ 11 ေတြ စာေမးပြဲ ရွိတယ္ ဘာညာ ဆိုတာ မဟုတ္ပါဘူး။ လုံးဝမဟုတ္ဘူး။ မဟုတ္ဘူး ဆိုတာက စာေမးပြဲ စစ္ေဆးနိုင္ဖို့ ဆိုတာက ေရွ႕မွာ သင္ၾကား၊ သင္ယူမွု ရွိေနရဦးမယ္။ သင္ၾကား သင္ယူမွု အေကာင္းဆုံး ျဖစ္ဖို့ကလည္း

ေက်ာင္းက ဖြင့္ရဦးမယ္။ ေက်ာင္းမွ မဖြင့္နိုင္ပဲေတာ့ ဒီ သင္ၾကား သင္ယူမွုက အျပည့္အဝ မရနိုင္ရင္ စာေမးပြဲ ဆိုတာ မျဖစ္နိုင္ဘူးေလ။ တကယ္လို့ ေက်ာင္းေတြ ဖြင့္လာနိုင္ၿပီ ဆိုရင္ေတာ့ ေနာက္တစ္ပိုင္း ဝိုင္းၿပီး စဥ္းစားမွာေပါ့။

အေရးအႀကီးအဆုံးက ဒီအခ်ိန္မွာ COVID ကာလ အကုန္လုံး မကူးစက္ေရး အတြက္ အႏၲရာယ္ကင္းေရး အေရးႀကီးတာပဲေလ ဟု ေဒါက္တာ တင္ေမာင္ဝင္း က ေျပာျကားပါတယ္။ စစ္ေမးပြဲ စစ္ေဆးက်င္းပျခင္းသည္

ေက်ာင္းသူ၊ ေက်ာင္းသား ၏ တတ္ေျမာက္မွုကို ဆန္းစစ္ ေဖာ္ထုတ္ျခင္း ျဖစ္ေၾကာင္း၊ စစ္ေဆးတိုင္းတာမွု စာေမးပြဲ မတိုင္မီတြင္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား ၏ သင္ယူမွု ပမာဏ ဦးစြာ ရွိရန္မွာ အေရးအႀကီးဆုံး ျဖစ္ေၾကာင္း ၄င္းက ဆိုပါတယ္။ စာမသင္ပဲ နဲ႔ သင္ၾကားမွု

မရွိပဲနဲ႔စစ္ေဆးတိုင္းတာမွု ဆိုတာ မျဖစ္နိုင္ဘူးေလ။ ဆရာတို့ အခု အြန္လိုင္းက သင္တယ္တို့ မီဒီယာက သင္တယ္ဆိုတာ ဆိုတာက တဝက္တပ်က္ အစိတ္အပိုင္း တစ္ခုပဲ သင္ယူမွု ရမွာ။

တကယ့္ Face to face ကေတာ့ အထိေရာက္ဆုံးပဲ။ အဲ့ဒီလို သင္မွ ကေလးရဲ့ သင္ယူမွု ပို အားေကာင္းမယ္ ဟု ေဒါက္တာ တင္ေမာင္ဝင္းက ထည့္သြင္းေျပာၾကားခဲ့ပါတယ္။ Source : Pyi Myanmar

Unicode…ကျောင်းပိတ်ထားသော်လည်း တက္ကသိုလ် ဝင်ထမ်း စာမေးပွဲ စစ်မည် ဆိုခြင်းမှာ မဟုတ်ဟု သိရ

ကျောင်းများ ပုံမှန် ဖွင့်လှစ်နိုင်မှသာ ကျောင်းသူ ကျောင်းသားများ ပုံမှန် သင်ယူမှု ဖြစ်ပြီး စစ်ဆေးတိုင်းတာမှု စာမေးပွဲများ ဆောင်ရွက်နိုင်မည်ဟု အခြေခံ ပညာဦးစီးဌာန တာဝန်ရှိသူ ပြော၊ ကျောင်းပိတ်ထားသော်လည်း

ဒဿမတန်း စာမေးပွဲ စစ်မည် ဆိုခြင်းမှာ မဟုတ်ဟု ဆိုပါတယ်။ ကျောင်းများ ပုံမှန် ဖွင့်လှစ်နိုင်မှသာ ကျောင်းသူ ကျောင်းသားများ ပုံမှန် သင်ယူမှု ဖြစ်ပြီးတော့စစ်ဆေးတိုင်းတာမှုစာမေးပွဲများ ပုံမှန် ဆောင်ရွက်နိုင်မည်

ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၊ အခြေခံ ပညာ ဦးစီးဌာန မှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြည်မြန်မာ ကို ပြောကြားခဲ့ပါတယ်။ လတ်တလောမှာ အခြေခံ ပညာ ကျောင်းများကို ယာယီ ပိတ်ထားသော်လည်း

ဒဿမတန်း စာမေးပွဲ ကျင်းပမည်ဟု သတင်းထွက်နေခြင်းမှာ မဟုတ်မှန်ကြောင်းလည်း ဒေါက်တာ တင်မောင်ဝင်းက ရှင်းပြခဲ့ပါတယ်။ ကျောင်းပိတ်ထားတဲ့ ကာလ မှာ ကျောင်းသားများ သင်ယူမှု အဆက်မပြတ်စေရန်

အတွက်လည်း အခမဲ့ ရုပ်မြင်သံကြား လိုင်းများ နှင့် ရေဒီယို ကတဆင့် သင်ကြားမှုများ လုပ်ရန် အတွက်လည်း ပညာရေး ဝန်ကြီး ဌာန က စီစဉ်နေပြီးတော့ ဝဘ်ဆိုက်မှ တဆင့် လေ့လာနိုင်ရန် အတွက် ဆောင်ရွက်ရန်

စီစဉ်နေတယ်လို့ သိရပါတယ်။ Grade 10 တွေ 11 တွေ စာမေးပွဲ ရှိတယ် ဘာညာ ဆိုတာ မဟုတ်ပါဘူး။ လုံးဝမဟုတ်ဘူး။ မဟုတ်ဘူး ဆိုတာက စာမေးပွဲ စစ်ဆေးနိုင်ဖို့ ဆိုတာက ရှေ့မှာ သင်ကြား၊ သင်ယူမှု ရှိနေရဦးမယ်။ သင်ကြား သင်ယူမှု အကောင်းဆုံး ဖြစ်ဖို့ကလည်း

ကျောင်းက ဖွင့်ရဦးမယ်။ ကျောင်းမှ မဖွင့်နိုင်ပဲတော့ ဒီ သင်ကြား သင်ယူမှုက အပြည့်အဝ မရနိုင်ရင် စာမေးပွဲ ဆိုတာ မဖြစ်နိုင်ဘူးလေ။ တကယ်လို့ ကျောင်းတွေ ဖွင့်လာနိုင်ပြီ ဆိုရင်တော့ နောက်တစ်ပိုင်း ဝိုင်းပြီး စဉ်းစားမှာပေါ့။

အရေးအကြီးအဆုံးက ဒီအချိန်မှာ COVID ကာလ အကုန်လုံး မကူးစက်ရေး အတွက် အန္တရာယ်ကင်းရေး အရေးကြီးတာပဲလေ ဟု ဒေါက်တာ တင်မောင်ဝင်း က ပြောကြားပါတယ်။ စစ်မေးပွဲ စစ်ဆေးကျင်းပခြင်းသည်

ကျောင်းသူ၊ ကျောင်းသား ၏ တတ်မြောက်မှုကို ဆန်းစစ် ဖော်ထုတ်ခြင်း ဖြစ်ကြောင်း၊ စစ်ဆေးတိုင်းတာမှု စာမေးပွဲ မတိုင်မီတွင် ကျောင်းသူ၊ ကျောင်းသားများ ၏ သင်ယူမှု ပမာဏ ဦးစွာ ရှိရန်မှာ အရေးအကြီးဆုံး ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။ စာမသင်ပဲ နဲ့ သင်ကြားမှု

မရှိပဲနဲ့စစ်ဆေးတိုင်းတာမှု ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဆရာတို့ အခု အွန်လိုင်းက သင်တယ်တို့ မီဒီယာက သင်တယ်ဆိုတာ ဆိုတာက တဝက်တပျက် အစိတ်အပိုင်း တစ်ခုပဲ သင်ယူမှု ရမှာ။

တကယ့် Face to face ကတော့ အထိရောက်ဆုံးပဲ။ အဲ့ဒီလို သင်မှ ကလေးရဲ့ သင်ယူမှု ပို အားကောင်းမယ် ဟု ဒေါက်တာ တင်မောင်ဝင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။ Source : Pyi Myanmar

Add a Comment

Your email address will not be published. Required fields are marked *