Coke အချိုရည်အရောင်နဲ့ ရေကန်ကြောင့် နာမည်အကြီးဆုံးနဲ့ ထူးခြားဆန်းပြားတဲ့ ခရီးသွားနေရာ ဖြစ်လာခဲ့တဲ့ နိုင်ငံ

Coke အချိုရည်အရောင်နဲ့ ရေကန်ကြောင့် နာမည်အကြီးဆုံးနဲ့ ထူးခြားဆန်းပြားတဲ့ ခရီးသွားနေရာ ဖြစ်လာခဲ့တဲ့ နိုင်ငံ

ကျွန်ပ်တို့ကမ္ဘာပေါ်မှာ ‘Coke Lake’ လို ရေကန်ထဲမှာ ရေဆင်းကူးနိုင်တယ်ဆိုတာ လူတိုင်းမသိကြဘူးလို့ ထင်မိပါတယ်နော် ။ Coke ကဲ့သို့ အရောင်ဟာ လူသားများအားလုံးအတွက် အန္တရာယ်မရှိသောကြောင့် ကြောက်ရွံ့စရာမလိုပါဘူးတဲ့ ။

ဒီရေကန်ကို Lagoa da Araraquara လို့ အမည်ပေးထားပြီးတော့ ဘရာဇီးနိုင်ငံ၊ Rio Grande do Norte ပြည်နယ်မှာတည်ရှိတာပါ။ ဒီရေကန်ရဲ့ထူးခြားချက်ကတော့ မလွဲဧကန်ပါပဲ ။ အိုင်ရဲ့ အရောင်ဟာ အညိုရောင်ဖြစ်ပြီး

နာမည်ကျော်အချိုရည် ‘Coke’ နဲ့ ဆင်တူဒါကြောင့် ၎င်းပင်လယ်ကို ‘ကိုကာကိုလာရေကန်’ (Coca-Cola Lake) လို့ ချစ်စနိုးခေါ်ဝေါ်ခဲ့ကြပါတယ်နော် ။၎င်းအိုင်ဟာ အညိုရောင်ဖြစ်ရတဲ့အကြောင်းရင်းမှာ အိုင်အတွင်းမှာ ရေတွင် အိုင်အိုဒင်းနဲ့ သံဓာတ်မြင့်မားစွာ ပါဝင်သောကြောင့် ဖြစ်ပါတယ်နော်။

ရေကန်အနီးရှိကျူပင်ရဲ့ အရောင်ကို ရောစပ်ထားတာကြောင့် ရေရဲ့ ရလဒ်က Coke နဲ့ပင် တူလာခဲ့ပါတယ်နော် ။ နွေရာသီရောက်တဲ့အခါ ၎င်းရေကန်က ရေဟာ ပိုပူလာတာပါ ။ ရေကူးခြင်း (သို့) ရေကစားခြင်းတို့ ပြုလုပ်နိုင်ပြီးတော့ coke ရောင်ရှိသော

ရေက အိုင်အတွင်းမှ သတ္တုများပေါင်းစပ်ခြင်းဖြင့်ဖွဲ့စည်းတယ်လို့ ယုံကြည်သူများလည်းရှိပါတယ်နော် ။ထို့အတွက်ကြောင့် Coke Lake ဟာ ဘရာဇီးလ်ပြည်နယ်မှာ နာမည်အကြီးဆုံးနဲ့ ထူးခြားဆန်းပြားတဲ့ ခရီးသွားနေရာဖြစ်လာခဲ့တာပါ

။ ကိုကာကိုလာရေကန်လို့ နာမည်ကြားလျှင် စိတ်လှုပ်ရှားနေတဲ့ ကလေးများ လာပြီးရေကစားချင်ကြသလို ၊ အထူးသဖြင့်ခရီးသွားများစွာကို ဆွဲဆောင်နိုင်ခဲ့ပါတယ်နော် ။ ဒါပေမယ့်လည်း အခြားတစ်ဖက်မှာတော့ တစ်ချို့လူကြီးတွေအတွက်

 

ဒီအရောင်ကို မကြိုက်ဘူး ။ အဘယ်ကြောင့်ဆိုသော် ဆီမှာ အနီရောင်ရှိတဲ့ အရောင်က ကြောက်မက်ဖွယ်ကောင်းတယ်လို့ ဆိုပါတယ် ။ ထို့အပြင် ၎င်းဟာ ရေအောက်မှာ ရှိသောအရာကို မမြင်နိုင်တာကြောင့်ဖြစ်ပါတယ်နော်။JRose (KB Chimmy One)

Reference : khaosod

Tags:

Add a Comment

Your email address will not be published. Required fields are marked *